|

လူကြိုက်များလာတဲ့ MBA
MBA ဆိုတာ
စီးပွားရေးစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဘွဲ့ပါ။
ပညာရေးနောက်ခံ၊ လုပ်ငန်းနောက်ခံကွဲပြားတဲ့ လူအမျိုးမျိုး
တက်ရောက်ရယူနိုင်တဲ့ မဟာဘွဲ့ဖြစ်ပါတယ်။ယူအက်စ်မှာ
စပြီးပေါ်ခဲ့တယ်လို့ဆိုပါတယ်။ တိုင်းပြည်က
စက်မှုလုပ်ငန်းတွေနဲ့ တစ်ဟုန်ထိုးတိုးတက်လာချိန်မှာ
လုပ်ငန်းရှင်တွေက စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့
သိပ္ပံနည်းကျချဉ်းကပ်မှု ပြုလုပ်လိုလာကြပါတယ်။
ယနေ့အခါမှာတော့ ကမ္ဘာ့အနှံက တက္ကသိုလ်တွေမှာ MBAကို
အချိန်ပြည့်၊ အချိန်ပိုင်း၊ သင်တန်းတွေသာမ
အဝေးသင်ပို့ချပေးတာမျိုး တောင် ရှိနေပြီဖြစ်ပါတယ်။
နောက်ခံသမိုင်း
၁၈၈၁ ခုနှစ်မှာ
အမေရိကန် ပင်ဆယ်ဗေးနီးယားက ၀ှာတန်တက္ကသိုလ်မှာ ပထမဆုံး
စီးပွားရေးသင်တန်းကျောင်း စဖွင့်ပါတယ်။ ဒါမောင့်ကောလိပ်က
ပထမဆုံး စီမံခန့်ခွဲမှု ဘွဲ့ရကျောင်းသားကို
မွေးထုတ်ပေးခဲ့ပါတယ်။ အမ်ဘီအေပေါ်တဲ့ အထိကတော့ နောက်ထပ်
နှစ်ပေါင်း ၆၀ လောက်စောင့်ခဲ့ရပါတယ်။ ချီကာဂိုတက္ကသိုလ်က
ဒီနေ့ EMBA ခေါ်ကြတဲ့ (Executive Master of Business
Administration) ကို ၁၉၄၀ ပြည့်နှစ်မှာ
ပထမဆုံးဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကနေ ကမ္ဘာ့ တစ်ဝန်းကို
MBAပျံ့နှံ့လာခဲ့တာပါ။
MBAပရိုဂရမ်အမျိုးအစား
MBAပရိုဂရမ်တွေဟာ
နှစ်နှစ်ကြာလေ့ရှိပါတယ်။
စာသင်ချိန်အတိအကျပြောမယ်ဆိုရင်တော့ ၁၈ လပေါ့။ သြဂုတ်၊
စက်တင်ဘာလမှာ စတင်ပြီး မေလောက်မှာပြီးတဲ့ ပညာသင်နှစ်
နှစ်နှစ်စာပါ။ ပုံမှန်တန်းတွေကတော့ တခြား ဘာသာရပ်တွေလိုပဲ
အတန်းချိန်ပုံမှန်တက်ရပါတယ်။ အချိန်ပိုင်းတန်းတွေကတော့
ညနေပိုင်းတက်ရတာများပါတယ်။ ဒါပေမဲ့ အချိန်ပိုင်းတွေက
တစ်ခါတလေဘွဲ့ရတဲ့အထိ သုံးနှစ်လောက်ကြာပါတယ်။ အဓိကကတော့
လက်ရှိလုပ်ငန်းခွင် ၀င်နေတဲ့သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်။
EMBA ကတော့
လက်ရှိမန်နေဂျာအဆင့်၊ အုပ်ချုပ်သူအဆင့်မှာ
လုပ်ကိုင်နေသူတွေအတွက် ရည်ရွယ်တာ ပါ။ သူတို့အတွက်ကတော့
အလုပ်ချိန်မထိခိုက်အောင် စီစဉ်ထားသလို စာသင်နှစ်ကလည်း
နှစ်နှစ်အောက် လျော့နည်း တတ်ပါတယ်။
အီးMBAတက်ခွင့်ရဖို့ကတော့ သက်ဆိုင်ရာနယ်ပယ်မှာ လုပ်သက်
ဆယ်နှစ်လောက်ရှိရမယ်လို့ ကန့်သတ်ထားပါတယ်။ အဝေးသင်MBAကတော့
အရင်ကစာပေးစာယူပြောလို့ရပေမယ့် ခုခေတ်မှာတော့ အီးမေးလ်၊
ဗီဒီယိုကွန်ဖရင့်၊ တယ်လီကွန်ဖရင့်စတာတွေ
အားပြုသင်ကြားပေးတာဖြစ်ပါတယ်။ အဝေးသင် MBAရယူ မယ်ဆိုရင်
တော့ ကိုယ်တက်မဲ့ကျောင်းရဲ့ အသိအမှတ်ပြုခံရမှု
(Accreditation) ကို သေချာလေ့လာဖို့ အလွန်ပဲအရေးကြီးပါတယ်။
MBAသင်တန်းဖွင့်
MBAသင်တန်းတက်ခွင့်ရဖို့ အဓိကလိုအပ်ချက်အဖြစ်
သတ်မှတ်လေ့ရှိကြတာက ဂျီမတ် (GMAT) ရမှတ်ပဲ ဖြစ်ပါတယ်။
အလားတူ အရေးကြီးတာတွေက လုပ်ငန်းခွင်အတွေ့အကြုံ၊
ပညာရေးစာရွက်စာတမ်းတွေ၊ ထောက်ခံစာ တွေ၊ အက်ဆေး၊ ပြီးေးတာ့း
လူတွေ့အင်တာဗျူးတို့ပဲ ဖြစ်ပါတယ်။ တချို့ကျောင်းတွေကတော့
ကျောင်းသားရဲ့ လုပ်ငန်း ခွင်ပြင်ပလှုပ်ရှားမှုတွေအထိ
စိတ်ဝင်စားတတ်ပါတယ်။
အမ်ဘီအေကျောင်းတွေ အလေးပြုရတဲ့အချက်ထဲမှာ အတန်းထဲမှာ
ကျောင်းသား၊ ကျောင်းသူအချိုးမျှနေဖို့ သာမကဘဲ ဒေသခံနဲ့
နိုင်ငံတကာ ကျောင်းသားအချိုးကိုလည်း မျှတအောင်
ထိန်းသိမ်းထားဖို့လိုတဲ့အတွက် ဘယ်နာမည် ကြီးကျောင်းမှာပဲ
ဖြစ်ဖြစ် နိုင်ငံတကာကျောင်းသားတွေအတွက်
အခွင့်အလမ်းတွေရှိနေတာပါပဲ။
MBAမှာ ဘာတွေသင်
MBAမှာ
သင်တဲ့ဘာသာရပ်တွေက စုံလှပါတယ်။ အဓိကကတော့ စီးပွားရေး၊
မားကတ်တင်း၊ စာရင်းကိုင်၊ ဘဏ္ဍရေး၊ စီမံခန့်ခွဲမှု၊
လူသားအရင်းအမြစ်၊ သတင်းနည်းပညာ၊ တယ်လီကွန်မြူနီကေးရှင်း၊
ပရောဂျက်စီမခံခန့်ခွဲမှု စတာတွေ ပါဝင်ပါတယ်။ မဟာဗျူဟာမြောက်
စီမံခန့်ခွဲမှု ဆိုပြီးအထူးပြု ဘာသာရပ်တွေလည်း
ထပ်မံပါဝင်လေ့ရှိပါတယ်။ဒီနေ့ခေတ်မှာ များစွာအရေးပါတဲ့
ထောက်ပံ့ပို့ဆောင်ရေးဘာသာရပ်တွေဖြစ်တဲ့ Supply Chain
Management, Logistics Management ဘာသာရပ်တွေ ပါဝင်သလို
စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ လွန်စွာ အရေးပါတဲ့
ကိုယ်ကျင့် တရား (Ethics) ကိုလည်း ဘာသာရပ်တစ်ခုအနေနဲ့
သင်ကြားပေးလေ့ရှိပါတယ်။အထူးပြု သင်ကြားမှုအနေနဲ့ စီးပွားရေ
လုပ်ငန်းနယ်ပယ်အလိုက် အထူးပြုထားတဲ့ MBAသင်တန်းတွေ
လည်းရှိပါတယ်။ ဥပမာ အိမ်၊ခြံ၊မြေရောင်းဝယ်ရေးနယ်ပယ်ကို
အထူးပြုသင်ကြားတာ၊ ဒါမှမဟုတ် ခရီးသွားလုပ်ငန်းကို အထူးပြု
သင်ကြားတာမျိုးတွေလည်း ရှိပါတယ်။
|
ဥရောပနဲ့ MBA |
-
ဥရောပ ပညာရေးနဲ့ ပတ်သက်လို့ ဘိုလော့ဂ်ညာ
သဘောတူညီချက်ဆိုတာ ရှိပါတယ်။
ရိုးရိုးဒီဂရီအတွက် သုံးနှစ်၊ မဟာ အတွက်
နောက်ထပ် နှစ်နှစ်၊ ဒေါက်တာဘွဲ့အတွက် နောက်ထပ်
သုံးနှစ်အသီးသီးသင်ကြားရမယ်လို့ ဆိုပါတယ်။
- ဥရောပမှာ MBAစပေးခဲ့တာ ၁၉၅၇ ခုနှစ်လို့
မှတ်တမ်းတွေက ဆိုပါတယ်။ အရှေ့ဥရောပ ကွန်မြူနစ်
နိုင်ငံဟောင်းတွေမှာ တော့ ၁၉၉၁ ခုနှစ်ရောက်မှ
MBAကို စတင်ပို့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
|
|
ယူကေ |
-
ယူကေမှာ MBAအသင်းဆိုပြီး ရှိပါတယ်။ အေMBA
လို့ခေါ်ပြီး ၁၉၆၇ ခုနှစ်ထဲက ဖွဲ့ထားတာပါ။
အဲဒီအသင်းရဲ့ အသိအမှတ်ပြုမှုက တစ်ကမ္ဘာလုံးက
MBAတန်းတွေအတွက် အရေးပါပါတယ်။ ယူကေMBA
ပရိုဂရမ်တွေက သင်ရိုးအပြင် ပရောဂျက်တစ်ခုခု
ထပ်လုပ်ဖို့ လိုအပ်ပါတယ်။
- ယူကေရဲ့လူဝင်မှုစည်းမျဉ်းနဲ့ MBAဆက်နွယ်နေတဲ့
အချက်တစ်ချက်လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ကျောင်း ၅၀
(ဗြိတိန်အစိုးရက ရွေးတာပါ) ကနေ MBAရတဲ့
ကျောင်းသားဟာ ယူကေရဲ့ Highly Skilled Migrant
Programme အတွက်အရည်အချင်းပြည့်မီသူအဖြစ်
အလိုအလျောက်သတ်မှတ် ခံရပါတယ်။
အဲဒီကျောင်းသားဟာ ၂
နှစ်အလုပ်လုပ်ခွင့်ပါမစ်ရတဲ့အပြင်
ပါမစ်ကိုသက်တမ်း ၃ နှစ်တိုးနိုင်မှာ
ဖြစ်ပါတယ်။ အမ်ဘီအေကျောင်းရွေးရင်တော့
ခုနကပြောတဲ့ကျောင်း ၅၀ စာရင်းကိုတော့
လေ့လာကြည့်သင့်တယ်လို့ ထင်ပါတယ်။
|
|
ဂျာမနီနဲ့ သြစတြီးယား |
-
ဂျာမနီဟာ အနောက်ဥရောပနိုင်ငံတွေထဲမှာ MBAကို
လက်ခံမှု အတော်နောက်ကျခဲ့ပါတယ်။ သူတို့မှာ
ရိုးရာ ပုံစံဘွဲ့ပေးတဲ့ စနစ်ခံနေခဲ့ပြီး ၁၉၉၉
ခုနှစ်လောက်ရောက်မှ အခြားနိုင်ငံတွေမှာ
သုံးတဲ့ရိုးရိုး၊ မဟာဘွဲ့ ပုံစံမျိုးတွေ
ကိုစတင်လက်ခံခဲ့တာပါ။
- ကိုယ်ရထားတဲ့ MBA
အသိအမှတ်ပြုခံရဖို့ဆိုရင်တော့
တော်တော်ကြိုတင်ပြင်ဆင်ထား
ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ ဂျာမနီက
အသိအမှတ်ပြုထားတဲ့ MBAအသိအမှတ်ပြု အေဂျင်စီတွေ
ရှိပါတယ်။ (ယူကေက အေMBAလိုဟာမျိုးတွေပါ)
အဲဒီလို အေဂျင်စီ ၆ ခုအသိအမှတ်ပြုမှ
သင့်ရဲ့MBAကို ဂျာမနီမှာ သုံးလို့
ရမှာဖြစ်ကြောင်းပါ။
|
|
ပြင်သစ်နဲ့ ပြင်သစ်စကားပြောနိုင်ငံများ |
-
ပြင်သစ်နဲ့ ပြင်သစ်စကားပြောနိုင်ငံတွေဖြစ်တဲ့
ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံစတာတွေမှာတော့
စီးပွားရေး ကျောင်းတွေဟာ Conference des
Grandes Ecoles ရဲ့အသိအမှတ်ပြုမှု
ရဖို့လိုတယ်လို့ ဆိုပါတယ်။ အဲဒီကျောင်းတွေမှာ
အင်္ဂလိပ်လိုပဲ သင်တာဖြစ်ပေမဲ့
တက်ရောက်ခွင့်ကတော့
ပြင်သစ်ဘာသာတတ်ကျွမ်းမှုကိုလည်း
စစ်ဆေးမှာဖြစ်ပါတယ်။
|
|
အမ်ဘီအေဈေးကွက်ထဲက အခြားနိုင်ငံများ
တောင်အာဖရိက |
-
တောင်အာဖရိကကလည်း သူတို့ဆီမှာပို့ချနေတဲ့
MBAသင်တန်းတွေကို စစ်ဆေးဖို့ South Africas
Council on Higher Education (CHE)
ဆိုတာဖွဲ့ပြီး နိုင်ငံတကာကျောင်းသားတွေရဲ့
ယုံကြည်ကိုးစားမှုရဖို့ ကြိုးစားနေပါတယ်။ |
|
နီပေါ |
-
ပြောမယုံဆိုသလို နီပေါမှာ ၂ နှစ်ကြာ
MBAသင်တန်းတွေပို့ချနေတဲ့
စီးပွားရေးကျောင်းပေါင်း ၂၂ ခုပါရှိသတဲ့။
အများစုက အစိုးရကျောင်းတွေလို့ ဆိုပါတယ်။
|
|
အိန္ဒိယ |
-
အိန္ဒိယကတော့ ပညာရေးဈေးကွက်မှာ
နေရာချဖို့ကြိုးစားသူပီပီ MBAပို့ချတဲ့
စီးပွားရေးကျောင်း ၁၆၀၀ ထိ ရှိနေပါပြီ။
အဲဒီကျောင်းတွေထဲမှာမှ Indian Institutes of
Management ကတော့ သက်တမ်းအရှည်ဆုံး ဖြစ်သလို
ဝင်ခွင့်ရဖို့ Common Admission Test
ကိုဖြတ်သန်းနိုင်ဖို့လိုပါတယ်။ အိန္ဒိယမှာ
အစိုးရထောက်ခံချက် မရှိပေမဲ့ ၁ နှစ်ကြာ တဲ့
ပေါချောင်ကောင်း MBAမျိုးတွေလည်း
ခေတ်စားလာနေတယ်လို့ သိရပါတယ်။ |
|
ဖိလစ်ပိုင် |
-
အင်္ဂလိပ်ဘာသာကိုသုံးပြီး MBAပို့ချတဲ့
အာရှနိုင်ငံအများအပြား ကျန်သေးပေမယ့်
အဲဒီထဲမှာ ဖိလစ်ပိုင်က တော့
ကကျန်နိုင်ငံတွေထက် နည်းနည်းရှေ့ရောက်တယ်လို့
ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အာရှပစိဖိတိက
စီးပွားရေး ကျောင်းတွေရဲ့ အဆင့် (ranking)
ကိုသိနိုင်ဖို့ကတော့ စီးပွားရေးမဂ္ဂဇင်
တစ်စောင်ဖြစ်တဲ့ Asia Inc ကိုအားကိုးနိုင်တယ်
လို့သိရတယ်။ |
အမ်ဘီအေကျောင်းတွေရဲ့ ranking
ကမ္ဘာတစ်လွှားမှာ
အမ်ဘီအေကျောင်းတွေက များလှတာကြောင့် ကိုယ်စိတ်ဝင်စားတဲ့
ကျောင်းရဲ့ ranking ကိုတော့ သိအောင် ကြိုးစားရပါမယ်။
MBAပရိုရရမ်တွေကို အဆင့်သတ်မှတ်ပေးကြတဲ့အထဲ Business Week
က အထင်ရှားဆုံးဖြစ်ပြီး Financial Times၊ The Economist၊
Forbes Magazine၊ The Wall Street Journal၊ U.S. News &
World Report တွေကလည်း MBA ranking တွေ ထုတ်ပြန်ပေးပါတယ်။
MBAဘွဲ့တွေအတွက် Accreditation
ကိုယ်ရထားတဲ့
MBAဘွဲ့အတွက် အသိအမှတ်ပြု Accreditation အရေးကြီးပုံကို
ရှေ့မှာလည်း ဖော်ပြ ခဲ့ပြီးပါပြီ။ ကမ္ဘာမှာထင်ရှားတဲ့ MBA
Accreditation Agency တွေကတော့
- Association to
Advance Collegiate
- Schools of
Business (AACSB)
- Association of
Collegiate
- Business
Schools and Programs (ACBSP)
- Association of
MBAs (AMBA) (UK)
- International
Assembly for Collegiate Business Education (IACBE)
MBAတစ်ခုကို မိတ်ဆက်တဲ့အနေနဲ့ နာမည်ကျော်
ဟားဗတ်စီးပွားရေးကျောင်း (Harvard Business School) ရဲ့
သင်ရိုးကို ဖော်ပြပေးလိုက်ပါတယ်။
|
Term 2 |
Term 2 |
|
Finance I
Financial Reporting and Control
Leadership and Organizational Behavior
Marketing |
Business, Government, and the International Economy
Strategy
The Entrepreneurial Manager
Negotiation
Finance II
Leadership and Corporate Accountability |
အဲဒါတွေက required curriculum ဖြစ်ပြီး elective အဖြစ်
နောက်ထပ်ဘာသာရပ်တွေ ထပ်ယူရပါသေးတယ်။
Source :
Scholarship No.6
|