www.myanmarhotjobs.com Home | Sitemap | Contact us
  Search  now,   Get Hired.
 
Keywords Job Category  

Advanced Job Search    
 

« Home

ကွန်ယက်ဆက်သွယ်ရေးပေါ်ပေါက်လာပါပြီ

သင့်တွင် မိတ်ဆွေ အပေါင်းအသင်းနည်းပါးပါက သင်သည်အားလပ်ရက်၊ အခါသမယများတွင် လက်ဆောင် အနည်းငယ်ကိုသာ ရရှိပေလိမ့်မည်။ မိတ်ဆွေပေါများခြင်းသည် အလုပ်အကိုင် ရှာဖွေရာတွင အောင်မြင်ခြင်း၊ လွှမ်းမိုးနိုင် ခြင်းတို့ကို ရရှိနိုင်သည်။ အားလပ်ချိန် အခါသမယသည် သင့်အဖို့ မိတ်ဆွေ အပေါင်းအသင်းရှာရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သင်သည် လက်ရှိအချိန်တွင် အလုပ်လုပ် နေသည်ဖြစ်စေ၊ အလုပ်ရှာနေသည်ဖြစ်စေ အားလပ်ရက်ရှည်သည် သင့်အဖို့ အသက်မွေးဝမ်းကျောင်းနှင့် ဆိုသည့် ဆက်သွယ်ခြင်းအသစ်များကို ပြုလုပ်ရန် အခွင့်ကောင်းပင်ဖြစ်သည်။

အောင်မြင်သော ကွန်ယက်ဆက်သွယ်ခြင်းရရန် နည်းလမ်းတွေကတော့မိမိအိမ်တွင် party ပွဲများကျင်းပပါ။

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများအား မိမိအိမ်တွင် ဖိတ်၍ကျွေးမွေး ဧည့်ခံပါ။ ဤသို့ပြုလုပ်ခြင်းသည် အသေးစားဆက်သွယ်မှု တစ်ခုကို ပြုလုပ်လိုက် ခြင်းပင်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ငွေကြေးအမြောက်အများသုံးစွဲရန် ငွေကြေးအမြောက်အများ သုံးစွဲရန် မလိုအပ်ပါ။ ဘူဖေး၊ လက်ဖက်ရည်တို့မျှသာ ဧည့်ခံလျှင်ဖြစ်သည်။

အားလပ်ရက် အပေးအယူများပြုလုပ်ပေးပါ

အားလပ်ရက် အခါသမယတွင် အများအကျိုးသယ်ပိုးလိုပါသလား။ အများအကျိုးဆောင် လုပ်ငန်းများတွင် volunteer တစ်ယောက်အနေဖြင့် ပါဝင်လှုပ်ရှားပါ။

အဆက်အသွယ် အခွင့်အလမ်းများကို ဖန်တီးပါ။
အဖွဲ့လိုက် စာဖတ်ဆွေးနွေးခြင်း၊ ဂီတအဖွဲ့အစည်းများတွင်ပါဝင်ခြင်း (Christmas song များ group လိုက်ဆိုခြင်း)၊ အားကစား ကစားခြင်းများပြုလုပ်ပါ။ မိမိနှစ်သက်သောသူကို ဆုများချီးမြှင့်ခြင်း၊ ပညာသင်ဆုများ ဖန်တီးပေးခြင်းတို့ကို ဦးဆောင်၍ ပြုလုပ်ပေးပါ။ အားလပ်ချိန်အခါသမယတွင် လူအများကို စုဝေးပျော်ရွှင်စွာ လုပ်ဆောင်ပေးရန် နည်းလမ်းများစွာ ရှိပါသည်။ သင်၏လိုအပ်မှုနှင့် Idea ပေါ်တွင်သာ မူတည်သည်။

Internet အသုံးပြုပေးပါ။

Holiday blog များဝင်ရေးပါ။ E-mail အသုံးပြုပေးပါ။ မိမိပို့ချင်သော message များကို ပုံဖြင့်ဖြစ်စေ၊ video အနေဖြင့် ဖြစ်စေ၊ ဆောင်းပါးအနေဖြင့် ဖြစ်စေပို့ပေးပါ။

တွေ့ဆုံခဲ့သော မိတ်ဆွေအပေါင်းအဖော်များကို အလေးအနက်ထားကြောင်းပြပါ။

ဥပမာ- ‘ ခင်ဗျားနဲ့ တွေ့ဆုံရတာ ကျွန်တော့်အဖို့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှု တစ်ခုကို ဖြစ်ပေါ်စေ ပါတယ် ’ အစ ရှိသဖြင့်ကို လက်ရေးဖြင့် ရေးသားထားသော စာများကိုပေးပို့ပေးပါ။ သင်၏ လုပ်ဆောင်ချက် များသည် တဖက်သူမှ သင့်အား အထင်ကြီးလေးစားခြင်းများကို ရရှိစေပါသည်။

Business Card များကို သုံးပေးပါ

သင်၏ Business Card များသည် အကောင်းဆုံးဆက်သွယ်ရေး ပစ္စည်းလေးတစ်ခုပင်ဖြစ်သည်။ အမြဲဆောင်ထားပါ။ Business Card များပေးခြင်းကို မရှက်ပါနှင့်။ Holiday mailing များတွင် Business gift များနှင့် အတူ Business Card ပါတွဲထည့်ပေးပါ။ လုပ်ငန်းခွင်တွင်လည်း Business card ပေးခြင်းများ ပြုလုပ်ပါ။ Business Card တွင် နာမည်၊ ရာထူးနှင့် ဆက်သွယ်ရမည့်လိပ်စာ အပြည့်အစုံကိုထည့်သွင်းပေးပါ။ ထိုကဒ်သည် သင့်အားဈေးကွက် အတွင်းတွင် ထိုးဖောက်ပေးသော အကောင်းဆုံးလက်နက် တစ်ခုဖြစ်လိမ့်မည်။ ထိုသို့မဟုတ် သင်သည် အလုပ်ရှာဖွေ နေသူတစ်ယောက်ဖြစ်ပါက Company Business Card အစား ကိုယ်ပိုင် Card လေးတစ်ခုကို ဆောင်ထားသင့်သည်။မည်သို့ဖြစ်စေ အားလပ်ရက်များသည် လက်ဆောင်တစ်ခုပင် ဖြစ်သည်။ လုပ်ငန်းခွင်တွင်လည်း အခြားသူများ၏ လိုအပ်ချက်ကို ဦးစားပေးပါ။ အလုပ်ရှာသူတစ်ဦး၏ အကြီးမားဆုံး အရည်အချင်းတစ်ခုမှာ သဒ္ဒါတရားတစ်ခုသာ ဖြစ်သည်။

 

 

Advertising Programs - Business Solutions - About CREATIVE
©2008 - Privacy