www.myanmarhotjobs.com Home | Sitemap | Contact us
  Search  now,   Get Hired.
 
Keywords Job Category  

Advanced Job Search    
 

« Home


၂။ သင့်လက်ဖျားများမှ သတင်းအချက်အလက်များ သင့်လစာငွေမျှော်မှန်းချက်သည် သာတူညီမျှရှိရပေမည်။ ရာထူးနေရာတိုင်းအတွက် ၎င်းတို့၏ ကျွမ်းကျင်မှုအပေါ်အခြေခံ၍ အခြေခံလစာသတ်မှတ်ချက်ရှိသည်။ သင့်အလုပ်မစတင်မီ သင်၏ရာထူးသတ်မှတ်ချက်ကို ဦးစွာစမ်းစစ်ရပါမယ်။ ၀င်ရောက်မှုအများဆုံးနှင့် salary နှင့် ပတ်သက်တဲ့ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေကို online မှာ ကြည့်လိုက်ပါဦး.. စက်မှုလုပ်ငန်း နှင့် တည်နေရာတွေကို မူတည်ပြီး လစာငွေပြောင်းလဲမှုကိုတော့ salary wizard မှာ ကြည့်ရှုနိုင် ပါတယ်။ ရာထူးတစ်ခုအတွက် ပျှမ်းမျှ US တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာ ရှာဖွေနိုင်တဲ့အပြင် သင့်ရဲ့လုပ်ငန်း အတွေ့အကြုံအတွက် အသေးစိတ်အချက်တွေနှင့် အလုပ်ရှင်တွေရဲ့ account တွေကိုပါ သင်ရရှိနိုင်ပါတယ်။ ၂ နှစ် ၁ ကြိမ် တည်းဖြတ်ပြီး၊ ရာနှင့်ချီသော အလုပ်တွေရဲ့ လစာငွေအချက်အလက်တွေပါဝင်တဲ့ US ၏ အလုပ်သမားဌာနမှ ထုတ်သော “Occupational Outlook Handbook” ကိုတော့ လေ့လာသုံးသပ် ကြည့်သင့်ပါတယ်။

၃။ အရင်းအမြစ်များဆီသွားပါ။

- သင်ရှာဖွေနေသော အလုပ်အတွက် ပျှမ်းမျှလစာ ကိုလေ့လာပြီးပြီ ဆိုလျှင်တော့ ဒီထက်ပိုပြီး နက်နဲတဲ့ ဆီကိုသွာဖို့ အချိန်ရောက်ပါပြီ။

- သင့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်ဈေးကွက်အကြောင်း စဉ်းစားဖို့ လိုအပ်သလိုပါပဲ။ သင့်မှာရှိနေတဲ့ ကျွမ်းကျင်မှု တွေနှင့် သီးခြားဗဟုသုတတွေရဲ့ တန်ဖိုးကိုလည်း စဉ်းစားဖို့လိုအပ်ပါတယ်။

- သင်ဦးတည်ထားတဲ့ လုပ်ငန်းနယ်ပယ်က လူတွေနဲ့ စကားပြောပါ။ လစာငွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ဖို့ဆိုတာ အမြဲတမ်း မသင့်လျှော်နိုင်ပါဘူး။ အထူးသဖြင့် မိမိနှင့် သိပ်ပြီး မရင်းနှီးတဲ့သူတွေနဲ့ပေါ့။ ဒါကြောင့် မိမိစကား စမည့်သူကို ဂရုတစိုက်ရွေးသင့်ပါတယ်။ အကယ်၍ သင်သည်ဝန်ထမ်း စုဆောင်းသူတစ်ဦးနှင့် အတူ အလုပ်တွဲလုပ်နေရလျှင်တော့ သူကသင့်အား လစာအကြောင်း သတင်းတွေပေးပါလိမ့်မယ်။ လုပ်ငန်းခွင် မှာရှိတဲ့ နည်းပေးလမ်းပြနိုင်သူ (သို့) ရင်းနှီးတဲ့ မိတ်ဆွေတွေထံမှလည်း အကြံတောင်းနိုင်ပါတယ်။

၎။ အသုံးကျမှုသည် ပဓာန အလုပ်ရှင်ကောင်းတစ်ဦးအတွက် သင့်၏အသုံးကျမှုသည် ပြောင်းလဲနေနိုင်သည်။ သင့်ကဲ့သို့ ကျွမ်ကျင်ဝန်ထမ်း မျိုး ရှားပါးနေထိုင်ချိန်တွင် ထိုအလုပ်ရှင်အတွက် သင်သည်  ပို၍တန်ဖိုးရှိလာ ပေမည်။ ထိုနည်းတူမှာ အလုပ်သမား ပြတ်လပ်ချိန် (သို့) အရည်အသွေးမီသော အလုပ်ရှာဖွေသူနည်း နေချိန်တွေမှာ သင့်အသုံးကျမှုပိုလာပေမည်။ ကုမ္ပဏီ လုပ်ငန်းရှင်တွေသည် အလုပ်လျှောက်ထားသူတွေရဲ့ လစာကို ၎င်းတို့ရာထူးအပေါ်အခြေတည်ပြီး မဆုံးဖြတ်တတ်ပါ။ အဘယ်ကြောင့်ဆိုသော် လျှောက်ထားသူ၏ ကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံတို့ဖြင့်သာ သတ်မှတ်ချက် ထားကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ပေးလိုသည့် လစာနှုန်းထားအထိကို သတ်မှတ်ပေးကြသည်။ သင်သည်လည်း လစာနှုန်းထား သတ်မှတ်ချက် ကို ထည့်သွင်းစဉ်းစားသင့်သည်။ သင့်အတွက် အဆင်အပြေဆုံး ဖြစ်မည့် အနိမ့်ဆုံးနှင့် အမြင့်ဆုံးလစာကို သတ်မှတ်ထားရပါမည်။ ထို့ပြင် သင်သည်လည်း လစာနှုန်းထား၏ အလယ်အလတ် တစ်နေရာတွင် အဆုံးသတ်နိုင်လိမ့်မည် ဟုယူဆထားရပေလိမ့်မည်။

၅။ ရိုးရိုးလစာထက်ပို၍ လက်ရှိလုပ်ငန်းခွင်ထဲမှာ ၀န်ထမ်းတစ်ယောက်အဖြစ် သင့်၏အဖိုးထိုက်တန်မှုကို တွက်ချက်ပြီးပါပြီ။ သင့်အတွက် အဆင်ပြေတဲ့ လစာနှုန်းထားတစ်ခုထိကိုလည်း သင်ရောက်လို့လာပါပြီ။ သို့သော် နောက်ထပ်စဉ်းစားစရာ တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ “အကျိုးအမြတ်” ပါပဲ။ သင့်ရဲ့ ကုမ္ပဏီပေါ် အဖိုးတန်မှုတွေ ရောင်ပြန်တဲ့အချိန်မှာတော့ သင့်ရဲ့ ရိုးရိုးလစာထက်ပိုတဲ့ ရောင်ပြန်မှုကို နားလည်သဘောပေါက်ပါလိမ့်မယ်။

Read More

 

Advertising Programs - Business Solutions - About CREATIVE
©2008 - Privacy